အမှာစာ

ကျနော့်ရဲ့ဒီဆိုက်လေးမှာ ပို့မတင်တော့ပါဘူး http://freemobilesharing.blogspot.com/ သို့ပြောင်းရွေ့သွားပါပြီ ။ မိုဘိုင်းနည်းပညာများ မိမိဖုန်းတွင်ဖြစ်ပေါ်နေသော ပြသနာများနှင့် ဆော့ဝဲများဂိမ်းများအား http://freemobilesharing.blogspot.com/ သို့လာရောက် ရှာဖွေနိုင်ပါတယ် ။

Thursday 10 May 2012

Android ဖုန်း/Tablet ဇော်ဂျီမြန်မာဖောင့်နှင့် ကီးဘုတ်သွင်းနည်း

သင်ရဲ့ Android ဖုန်း/Tabletမှာ ဇော်ဂျီမြန်မာဖောင့် ထည့်ပေးရပါမယ် အဲတာမှ မြန်မာလိုစာရိုက်တာတွေ မြင်ရမှာပါ မြန်မာလက်ကွက်ကီးဘုတ် ထည့်ရုံနဲ့မရပါဘူး htc ဆိုရင်ဖုန်းကို Root လုပ်ပြီးမှ ဇော်ဂျီမြန်မာဖောင့် အလုပ်လုပ်ပါမယ် Root အရင်ချိန်းပါ ။ ပြီးမှဇော်ဂျီမြန်မာဖောင့်ကို ထည့်ပါ အဆင်ပြေပါစေ..
Rootချိန်းစရာမလိုပဲ ကျနော်ထည့်ဖူးတဲ့ဖုန်းတွေကတော့ အောက်ကနည်းအတိုင်းလုပ်ကြည့်ပါ 100%အဆင်ပြေသွားပါလိမ့်မယ်။
samsung galaxy ace
samsung galaxy W
samsung galaxy y
samsung galaxy s advance
ထည့်ပုံထည့်နည်းကတော့ androidဖုန်းအတွက် ဇော်ဂျီမြန်မာဖောင့်ကို ဒီမှာဒေါင်းပါ http://www.mediafire.com/?hxe29xn35ehsc9w
ပြီးရင် ဖုန်းထဲထည့်ပြီး အင်စတောလုပ်ပါ
ပြီးပြီဆိုရင်
Settings ထဲသွား
Display Settings ထဲသွား
Font Style ထဲသွား (မှတ်ချက် – androidဖုန်းချင်းတူသော်လဲ Font Style ဆိုတဲ့စာတန်းမပါရင် ဖုန်းကိုRoot ချိန်းပေးရပါမယ်)
အဲဒီမှာ ZawGyiOne ကိုရွေးပေးလိုက်ပါ အဲလိုရွေးပေးလိုက်တာနဲ့ ဖုန်းကို Restart ချခိုင်းတဲ့စာပေါ်လာပါလိမ့်မယ်
Restart ချပေးလိုက်ပါ သူ့အလိုလိုဖုန်းPowerပြန်ပွင့်လာပါလိမ့်မယ် အဲတာဆို သင့်ရဲ့ဖုန်းမှာ မြန်မာလက်ကွက်ထည့်ပြီး မြန်မာလိုမြင်လို့ရိုက်လို့ရပါပြီ


မြန်မာလိုရိုက်ဖို့ကိုတော့ မြန်မာလက်ကွက်ကို ဖုန်းထဲအင်စတောလုပ်ပါ
လက်ကွက်ချိန်းနည်းကတော့ android ဖုန်းတိုင်း အောက်ကနည်းအတိုင်းလုပ်ပေးလိုက်ရင် ရပါတယ်
ကျနော်ကြိုက်သောလက်ကွက်ကို အရင် V1.1.1 လိုချင်ရင် ဒီမှာဒေါင်းယူပါ http://www.mediafire.com/?25cpdul67zodb9s  

နောက်ဆုံးထွက် V1.1.3 ကိုလိုချင်ရင်တော့
ဒီမှာဒေါင်းပါ http://www.mediafire.com/?pgjqhqxcoqg0a77  ပြီးရင် ဖုန်းထဲထည့်ပြီး အင်စတောလုပ်ပါ ။

ပြီးပြီဆိုရင်
Settings ထဲသွား
Language & Keyboard ထဲသွား
Frozen Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ ပြီးပြီဆိုရင် အပြင်ဘက်ပြန်ထွက်ပါ သင်စာရိုက်လိုသော နေရာတစ်ခုထဲသို့ဝင်ပါ
ပြီးရင် စာရိုက်သောအကွက် အလွတ်ထဲသို့ လက်နဲ့ခဏအကြာ ဖိထားလိုက်ပါ
Input method ဆိုတဲ့စာထွက်လာပါလိမ့်မယ် နှိပ်ပေးလိုက်ပါ Select Input method ဆိုတဲ့စာမျက်နှာပေါ်လာပါလိမ့်မယ် အဲဒီမှာ Frozen Keyboard ကိုရွေးလိုက်ပါ သင့်လက်ကွက်သည် မြန်မာလိုရိုက်နိုင်ပါပြီ အားလုံးအဆင်ပြေကြပါစေ……

djjoeman3@gmail.com သို့မေးမြန်းနိုင်ပါသည်။

1 comment:

  1. web site ကမိုက်တယ် pls ဒီ web site ကိုမပိတ်ပါနဲ့ 

    ReplyDelete

MyanmarMobile1သို့ အကြံပြုရန်